ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့၊ မလားကျေးရွာနှင့်ရွှေတိုက်ကျေးရွာတို့အား ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်း ရန်ပုံငွေများ ထောက်ပံ့ ပေးအပ်

ကျောက်မြောင်း အောက်တိုဘာ   ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့၊ မလားကျေးရွာနှင့် ရွှေတိုက်ကျေးရွာတို့တွင် ကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်းရန်ပုံငွေပေးအပ်ခြင်းကို    ယနေ့ နံနက် (၉)နာရီအချိန်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ကျောက်မြောင်းမြို့စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ခင်ဝင်းက စွမ်းအားမြှင့်မီးဖိုဖြန့်ဖြူးခြင်းစီမံကိန်း၏ ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း ရန်ပုံငွေပေးအပ်ရခြင်း အကြောင်းနှင့် ကျေးရွာသစ်လှုပ်ရှားမှုစံပြကျေးရွာများတွင် ဆောင်ရွက်ရမည့်အချက်အလက်များကို  ပြည်သူများ သိရှိဆောက်ရွက် နိုင်စေရေး ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက်ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းရန်ပုံငွေကို မလားကျေးရွာနှင့်ရွှေတိုက်ကျေးရွာတို့အား တစ်ရွာလျှင် ငွေကျပ် (၂၆၃)သိန်း ၄ သောင်းစီကို ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာ ကျေးရွာပြည်သူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

ဇင်ပိုင်မှူး (ကျောက်မြောင်း)