ဘောလခဲ မြို့မဈေး၌ ရောင်းချနေသော အသားငါးများ၊ ကုန်ပစ္စည်းများအား သတ်မှတ်စည်းကမ်းချက်နှင့် အညီရောင်းဝယ်နေမှုရှိမရှိကြပ်မတ်ကြည့်ရှုစစ်ဆေး

ဘောလခဲ  အောက်တိုဘာ  ၃

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲ မြို့မဈေး၌ ရောင်းချနေသော အသားငါးများ၊ ကုန်ပစ္စည်းများအား စျေးကော်မတီ၊ စျေးရောင်း၊ စျေးဝယ်သူများ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ညွန်ကြား ထားသည့်အတိုင်း လိုက်နာရောင်းဝယ်နေမှု ရှိမရှိ ကြပ်မတ်ကြည့်ရှုစစ်ဆေးခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က ကွင်းဆင်းစစ်​ဆေး ဆောင်ရွက်ခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်၊စည်ပင်သာယာရေး အမှုဆောင် အရာရှိ ဦးသန်းထိုက်ဦး၊ မြို့နယ် ကျန်းမာရေးမှူး ဦးစိုးပိုင်၊ လူမှုဝန်ထမ်း ဦးစီးဌာန ဦးစီးအရာရှိ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် မီးသတ် တပ်ဖွဲ့မှ တာဝန်ရှိသူတို့ ပူးပေါင်းပြီး ဘောလခဲ မြို့မဈေးတွင် ရောင်းချနေသော ဈေးသည်များ Mask တပ်ဆင်မှု ရှိ/ မရှိ ရောင်းချနေသော အသားငါးများ၊ ကုန်ပစ္စည်းများကို ကိုဗစ်-၁၉ ကာလအတွင်း ဈေးနှုန်း တင်ရောင်းချမှု မရှိစေရေး၊ အသားငါးမှ တစ်ဆင့် ရောဂါကူးစက်နိုင်သည့်အတွက် နယ်ကျော် အသားငါးများ မရောင်းချ မိစေရေး၊ စျေးသည်များအား ကိုယ်အပူချိန်တိုင်းတာပေးခြင်းများ အသိပညာပေး ရှင်းလင်း ပြောကြားခဲ့သည်။

လှရွှေ