အောင်လံ ဧပြီ ၂၂
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် အောင်လံမြို့၌ ယဉ်ကျေးလိမ္မာနှင့် ကင်းထောက်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီက စမ်ချောင်းရပ်ကွက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်ပြုလုပ်ခဲ့ရာ မြို့နယ်ပညာရေးမှူး ဦးချစ်လွင်၊ အထက်တန်းကျောင်းအုပ်ဆရာ/ဆရာမကြီးများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးချစ်လွင်က အဖွင့်အမှာစကားပြောကြားပြီး အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးမာလာခိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းတွင် ယဉ်ကျေးလိမ္မာသင်တန်း၌ Grade-8 မှ Grade-11 ထိ သင်တန်းသား/သူ (၂၀၀)ဦးနှင့် ကင်းထောက်သင်တန်း၌ Grade-6/7 သင်တန်းသား/သူ (၁၀၀)ဦး စုစုပေါင်း (၃၀၀)ဦး တက်ရောက်ကာ အ.ထ.က (ရွာထောင်)ကျောင်းတွင် ကွန်ပျူတာသင်တန်း၌ သင်တန်းသား/သူ (၂၁)ဦး၊ ကင်းထောက်သင်တန်း၌ သင်တန်းသား/သူ (၃၀)ဦး စုစုပေါင်း(၅၁)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ဧပြီလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)