ကလိန်အောင် ဧပြီ ၂၁
ပွင့်လင်းရာသီ ရောက်ရှိလာပြီးဖြစ်သည့်အတွက် မီးဘေးအန္တရာယ် ကျရောက်မှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ မီးသတ်ဦးစီးဌာနမှကြီးမှူး၍ မြို့အုပ်ချုပ်ရေးမှူးဦးအောင်နိုင်နှင့်ဌာနဆိုင်ရာများ၊ကလိန်အောင်နယ်မြေစခန်းမှ ဒု-ဦးစီးမှူး ဦးကျော်မျိုးထွန်းနှင့် သန္ဓေတပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၈ နာရီအချိန်က မြို့မဈေးနှင့် လူစည်ကားရာနေရာများ၊ ကား၊ ဆိုက်ကယ်များတွင်(191)စတေကာကပ်နှိပ်ခြင်းနှင့် မီးဘေးလုံခြုံရေး ပညာပေးလက်လမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် မီးသတ်ဦးစီးဌာနသို့ အကူအညီတောင်းခံလိုပါက (191) နံပါတ် (၃) လုံးအား ရိုက်နှိပ်၍ ဖုန်းခေါ်ဆိုနိုင်ပါသည်၊ မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ကြုံတွေ့လျှင် ဆက်သွယ်ရန်ဖုန်းနံပါတ်များ၊ မီးဘေးရှောင် မလောင်ခင်တား၊ မီးသတ်ဆေးဘူးအသုံးပြုပုံ၊ မီးဖိုအသုံးပြုလျှင်၊ လျှပ်စစ်ဓာတ်အားသုံးလျှင်၊ ဓာတ်ဆီဖြည့်လျှင်၊ ဓာတ်ဆီဖလှယ်လျှင်၊ မီးသားစုအားလုံး အပြင်သွားမည်ဆိုလျှင်၊ ဘုရားမီး၊ အမွှေးတိုင်မီးပူဇော်လျှင်၊ အထပ်မြင့်တိုက်များမီးလောင်လျှင်၊ ဆေးလိပ်သောက်လျှင်၊ မီးလောင်မှုဖြစ်၍ မီးခိုးအန္တရာယ်ကြုံတွေ့ရလျှင် ဆောင်ရန်ရှောင်ရန်များနှင့် မိမိနေအိမ်တွင်မီးဘေးအန္တရာယ် ကင်းဝေးစေရန် လိုက်နာဆောင်ရွက်ရမည့် အချက်များ ပါဝင်သည့် မီးဘေးလုံခြုံရေးပညာပေး လက်ကမ်းစာစောင်များကို ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးဦးအောင်နိုင်နှင့် ဌာနဆိုင်ရာများ၊ မီးသတ်ဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးကျော်မျိုးထွန်းနှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)