ရိခေါ်ဒါရ်၌ နေရပ်ပြန်လာသူ အမျိုးသမီးတစ်ဦးအား ရိခေါ်ဒါရ်မြို့ အထကခွဲကျောင်း Facility Quarantine နေရာ၌ စောင့်ကြည့်ထားရှိ

ရိခေါ်ဒါရ်            အောက်တိုဘာ     ၃

ရိခေါ်ဒါရ်၌ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးသည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်မှတစ်ဆင့် ယမန်နေ့က ရိခေါ်ဒါရ်မြို့သို့ရောက်ရှိလာပြီး အခြေခံပညာအထက်တန်း ကျောင်းခွဲ ကျောင်းရှိ Facility Quarantine နေရာသို့ အသွားအလာ ကန့်သတ်စောင့်ကြည့်ရန် ထားရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ‌ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်၌ နေထိုင်သူဖြစ်ပြီး အိန္ဒိယနိုင်ငံ၊  မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့သို့ သွားရောက်ရာမှ နေရပ်ပြန်လာကြသူဖြစ်ကြောင်း၊ အဆိုပါ နေရပ်ပြန်လာသူအား ရိခေါ်ဒါရ်မြို့ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်ဂိတ်ရှိ ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသားများ ကြိုဆိုလက်ခံရေး စခန်း၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ လဝကဌာန၊ မီးသတ်ဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များဖြင့် စစ်ဆေးလက်ခံခဲ့ခြင်းဖြစ်ပြီး၊ ၎င်း၏ ကျန်းမာရေး အခြေအနေကို စစ်ဆေးဆောင်ရွက်ခဲ့ရာ လက်ရှိအခြေအနေအထိ ကျန်းမာရေး အခြေအနေကောင်းမွန်လျက်ရှိကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ Facility Quarantine နေရာတွင် လက်ရှိအခြေအနေ၌ အသွားအလာကန့်သတ်စောင့်ကြည့်ထားနေဆဲဖြစ်သည့်  နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား (၁၁)ဦးရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

လာလ်ပက်လောမ် (ပက်ကာ)