ကလိန်အောင် ဧပြီလ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ ဒုတိယဦးစီးမှူး (တာဝန်ပေး)ဒေါ်ခင်ခင်လဲ့က နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန်၊ စာဖတ်ပရိသတ်များ ပိုမိုတိုးပွားလာစေရန်၊ အတွေးအခေါ်အသိမြင်များ ဖလှယ်တတ်စေရန်၊ စာပေဖတ်ရှုခြင်းမှ အသိအမြင်ဗဟုသုတများ တိုးပွား လာစေရန်၊ ပြည်သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာပေမှ ရရှိသော ဗဟုသုတများဖြင့် လူမှုပတ်ဝန်းကျင်များ၌ အသုံးချတတ်လာစေရန်၊ စာပေဖတ်ရှု လေ့လာခြင်းအားဖြင့် မိမိကိုယ်ကိုယ်ကို ယုံကြည်မှုရှိလာပြီး အမှားအမှန်များကို ဝေဖန်ပိုင်းခြား နိုင်စေရန်၊ စာအုပ်စာပေချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်စသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောပြခဲ့သည်။
ပြိုင်ပွဲတွင် အ-ထ-က၊ ကလိန်အောင်ကျောင်းမှ ကျောင်းသား၊ကျောင်းသူများက ရွှေသွေးအတွဲ(၅၅)၊ အမှတ်(၂)စာစောင်ထဲ့မှ စာရေးဆရာ ဝင်းထွဋ်ဦး ရေးသားထားသည့် "ကျေးဇူးရှင်ကို ကျေးစွပ်သူ " ပုံပြင်လေးကို ပါဝင်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်နိုင်သူ ကျောင်းသား၊ကျောင်းသူများကို အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်ခင်လဲ့ (ကလိန်အောင်)