ပိုင်ကျုံမြို့၌  မိသားစုအပိုဝင်ငွေရရှိရေးအတွက် တပိုင်တနိုင် ဒေသကြက်များမွေးမြူလာ

ပိုင်ကျုံ  ဧပြီ  ၂၁

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ရှိ ဒေသနေပြည်သူများသည် အများအားဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သည့်အပြင် မိသားစု အပိုဝင်ငွေရရှိစေရေးတွက်  မွေးမြူရေးလုပ်ငန်းများဖြစ်သည့် ဒေသကြက်များကိုလည်း တပိုင်တနိုင်တွဲဖက်၍ မွေးမြူလာကြသည်။

ဒေသကြက်များ မွေးမြူရာတွင် ဒေသဆ်ိုင်ရာရောဂါများ ကျရောက်မှုမရှိစေရေးအတွက် ကာကွယ်ဆေးနှင့် သံချဆေးများ ပုံမှန်တိုက်ကျွေးရကြောင်း၊ ဒေသကြက်များသည် ပျံကျလှည့်လည်သည့် စနစ်ဖြင့် မွေးမြူသည် ဖြစ်၍ မီးဖိုချောင်စွန့်ပစ်ပစ္စည်းများ၊ ဆန်စပါး၊ ဖွဲ၊ ကောက်ပဲသီးနှံများနှင့် အခြားအလွယ်တကူ ရရှိသော အစားအစာများ စားသောက်ရှင်သန်နိုင်သည့် ကြက်များဖြစ်ကြောင်း၊  ဥကြက်မတစ်ကောင်လျှင် ဥ ၁၂ လုံးမှ ၁၅လုံးအထိ ဥရှိကြောင်း၊ ကြက်ပေါက်များ ၃လမှ၄လအထိမွေးမြူပြီး ရောင်းချနိုင်ကြောင်း ယခုအခါ ကြက် တစ်ပိဿာလျှင် ငွေကျပ်-၁၂၀၀၀ မှ ၁၃၀၀၀ အထိ ရောင်းချရကြောင်း ကြက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးထံမှသိရသည်။

ကြက်များတပိုင်တနိုင်မွေးမြူခြင်းကြောင့် မိသားစုများ၏ စားဝတ်ရေးအတွက် အလွယ်တကူ ဖြေရှင်းနိုင်သည့်အပြင် ကြက်မှထွက်ရှိသည့်စွန့်ပစ်ပစ္စည်းများကို မိသားစု တပိုင်တနိုင် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း များစွာအထောက်အကူဖြစ်စေပါကြောင်း  သိရှိရပါသည်။

နော်ခူး (ပြန်/ဆက်)