ပလောက်မြို့တွင် အပူဒဏ်ကာကွယ်ရေးအကြောင်း အသိပညာပေး Talk Show ပြုလုပ်

ပလောက်    ဧပြီ     ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်တင်ဆက်သော အပူဒဏ်ကာကွယ်ရေးအကြောင်း အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့မွန်းလွဲ(၁)နာရီက မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ အပူဒဏ်ကာကွယ်ရေးအကြောင်း အသိပညာပေး Talk Show အစီအစဉ်တွင် ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်နှင်းမြူလွင်က ပူပြင်းလှသည့် နွေရာသီတွင် အပူဒဏ်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များ၊ အပူဒဏ်အန္တရာယ် အထူးသတိပြုရမည့် လူပုဂ္ဂိုလ်များနှင့်ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသေးစိတ် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် မြို့အတွင်းရှိ ပြည်သူများ အသိဉာဏ်ပညာဗဟုသုတတိုးပွားစေရေးအတွက် အွန်လိုင်းမှတစ်ဆင့် အသိပညာပေး Talk Show များကို ထုတ်လွှင့်ပေးလျက်ရှိပြီး အဆိုပါအသိပညာပေး အစီအစဉ်များကို ပလောက်မြို့  ပြည်သူ့စာကြည့်တိုက် လူမှုကွန်ရက်စာမျက်နှာတွင်လည်း အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သတင်းရရှိသည်။     

နှင်းမြူလွင်(ပလောက်)