မင်းဘူး အောက်တိုဘာ ၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပြည့်နှစ်၊ ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလ ပတ်(ဇူလှိုင်၊ဩဂုတ်၊စက်တင်ဘာ)လအတွက် သက်ကြီးလူမှုရေးပင်စင် ထောက်ပံ့ကြေး နှင့် ကိုဗစ်-၁၉ ကာလအတွင်း သက်ကြီးဘိုးဘွားများအား ထပ်ဆောင်းထောက်ပံ့ ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ နှင့် အဖွဲ့ဝင်များမှ အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား တစ်လလျှင် ထောက်ပံ့ငွေ တစ်သောင်းကျပ်နှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးအပ်လျက်ရှိသည်။ ယခုလို ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားသည့် ကာလအတွင်း ဘိုးဘွာများအား ထပ်ဆောင်းငွေ တစ်ဦးလျှင် ကျပ်သုံးသောင်း တိတိနှုန်းဖြင့် တစ်ကြိမ် တည်း ငွေကြေးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၈၀၉)ဦးအတွက် သက်ကြီးလူမှုရေး ပင်စင်ထောက်ပံ့ငွေနှင့် ကိုဗစ်-၁၉ ကာလအတွင်း ဘိုးဘွားများအား ထပ်ဆောင်းထောက်ပံ့ငွေ စုစုပေါင်းကျပ်(၄၈၅)သိန်းကျော်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရှိရသည်။
ကျော်စိုးဝင်း (မင်းဘူး)