ချောင်းသာ ဧပြီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ကွန်ယက်ဝင် ချောင်းသာမြို့အခြေစိုက် ဓမ္မပါလပရဟိတအသင်းနှင့် ချောင်းသာမြို့ ပရဟိတအဖွဲ့များမှ ကြီးမှုးကျင်းပသော နှစ်ဦးဓမ္မပူဇာသဘင်ပွဲကို အမှတ်(၃)ရပ်ကွက်၊ မြို့မဘောလုံးကွင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
နှစ်ဦးဓမ္မပူဇာသဘင်ပွဲတွင် ဒေါက်တာအရှင်နန္ဒမာလာ (မြောင်းမြ) သာသနဓဇဓမ္မာစရိယ M.A,Ph.D(India)၊ သီတဂူလမင်း အရှင်ပညာနန္ဒ သာသနဓဇဓမ္မာစရိယ B.A(Buddhism) (SIBA, Myanmar) (B.L)(Bachelor of Law) တောင်တန်းသာသနာပြုနယ်လှည့်ဓမ္မကထိက တိုင်းရင်းသားကလေးသူငယ်များဖွံ့ဖြိုးရေး ပရဟိတ ဆရာတော်နှင့် အရှင်ဝိမလ (သာသနဓဇဓမ္မာစရိယ) မြန်မာနိုင်ငံလူမှု့ကယ်ဆယ်ရေးအဖွဲ့ဓမ္မပါလပရဟိတ ချောင်းသာအသင်း၏ ဦးဆောင်နာယက၊ ငြိမ်းချမ်းအောင်မြေဓမ္မစကူးနာယကဆရာတော် တို့က တရားရေအေး တိုက်ကြွေးဟောကြားသွားမည် ဖြစ်သည်။
အဆိုပါဓမ္မသဘင်ပွဲကို ဧပြီလ (၂၂၊ ၂၃၊ ၂၄) ရက်နေ့များတွင် ညစဥ် (၇) နာရီ အချိန်၌ ကျင်းပသွားမည်ဖြစ်ပြီး တရားနာပရိသတ်များအား ဓမ္မပါလပရဟိတအသင်းနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ကြသော ပရဟိတအသင်းများနှင့် အသင်းသူ၊ အသင်းသားများက မော်တော်ယာဥ်များဖြင့် အိမ်တိုင်ရာရောက် အကြို/အပို့ ကုသိုလ်ပြုမည်ဖြစ်ကြောင်း သိရသည်။
ချောင်းသာ (ပြန်/ဆက်)