လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ ” အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်

လိပ်သို ဧပြီ     ၂၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် “ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ဆိုင်ရာ” အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ မြို့ဉီးစီးမှူး ဒေါ်နွယ်နွယ်ခိုင်နှင့် ရုပ်သံကျွမ်းကျင်-၃ စောဝေါ်ကွောထူးတို့မှ ယာဉ်စည်းကမ်းလမ်းစည်း ကမ်းနှင့်ပတ်သက်၍ ပြည်သူများ သတိပြုလိုက်နာရန်အချက်များ၊ ယာဉ်အန္တရာယ်ကင်းဝေးစေရေး၊ ယာဉ်တိုက်မှု လျော့နည်းကျဆင်းပပျောက်ရေးတို့အတွက် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မောင်းနှင်သူများ လိုက်နာရန် လမ်းညွှန်အမှတ်အသားများ၊ မော်တော် ဆိုင်ကယ်စီးနင်းသူနှင့် (ကား)ယာဉ်မောင်းများ လိုက်နာရန် စည်းကမ်းများ၊ အရည်အချင်း ပြည့်ဝသော ယာဉ်မောင်းတစ်ဉီးဖြစ်ဖို့ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ဗဟိုကော်မတီမှ ထုတ်ပြန်ထားသော ယာဉ်မောင်းနှင်ခြင်းဆိုင်ရာ လက်သုံးဆောင်ပုဒ်များနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ ဉပဒေများကိုလည်း အကျယ်တဝင့် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)