ဝါးခယ်မ ဧပြီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ပိုက်တန်းကျေးရွာအုပ်စု၊ ပိုက်တန်းကျေးရွာတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က နွေစပါးစံကွက်ရိတ်သိမ်းခြင်းအား မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားစေရေးကော်မတီအဖွဲ့များမှ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ နွေစပါးစံကွက်ရိတ်သိမ်းခြင်းအား ကွင်းခြင်းကြည့်ရှုရာတွင် ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှ ဝါးခယ်မမြို့နယ်၊ ပိုက်တန်းကျေးရွာအုပ်စု၊ ပိုက်တန်းကျေးရွာ ကွင်းအမှတ်-၈၈၂၊ ဦးပိုင်အမှတ်- ၁၇/၁(သဘော့ကွင်း) ဧရိယာ- ၄.၀၀ ဧက၊ တောင်သူဦးမြင့်ငြိမ်း၏ နွေစပါးရက်(၉၀)စပါးမျိုးစိုက်ခင်းအား သွားရောက်၍ နွေစပါးစံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်ခဲ့ရာ (၁)ဧကလျှင် စပါးအစိုထွက်(၈၆)တင်းခန့် ထွက်ရှိခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း (ပြန်/ဆက်)