ကျွန်းလှ ဧပြီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်းကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြှုဟိုဌာန၌ ဖွင့်လှစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဦးဖိုးချိုက နွေရာသီကျောင်းပိတ်ရက် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အခြေခံအင်္ဂလိပ်စာ အရေး အဖတ် ကျွမ်းကျင် တတ်မြောက်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား ၉ ဦး၊ သင်တန်းသူ ၁၃ ဦး၊ စုစုပေါင်း ၂၂ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက် ၂၀ ကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်ပြန်ကြားရေးနှင့် ပြည်သု့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်လူရွယ်များ၊ ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အတွက် Talk Show ၊ စာဖတ်ဝိုင်းနှင့် ပြပွဲပြိုင်ပွဲများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)