မကွေးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ Mask အခုရေ (၅၀၀၀၀)လှူဒါန်းခြင်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပ

မကွေး     အောက်တိုဘာ    

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ Mask အခုရေ(၅၀၀၀၀)လှူဒါန်းပွဲနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နေ့လယ် နာရီက မကွေးမြို့နယ် စုပေါင်းရုံးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မကွေးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်တို့က အမှာစကား အသီးသီးပြောကြားခဲ့ကြပြီး Mask အခုရေ(၅၀၀၀၀) လှူဒါန်းရခြင်းနှင့် ပတ်သက်၍ အလှူရှင် ဦးလှမြင့်က ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး မကွေးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ ဥက္ကဋ္ဌ ထံ Mask အခုရေ(၅၀၀၀၀)ကို အလှူရှင်မှ ပေးအပ်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က မကွေးမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ငွေကျပ်သိန်း(၂၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းက Mask အခုရေ(၅၀၀၀၀)လှူဒါန်းမှုနှင့် ထောက်ပံ့ငွေပေးအပ်ခဲ့မှု အပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်၊ ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မကွေးမြို့ပေါ် (၁၅)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများနှင့်စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)