သာယာဝတီ ဧပြီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ဂရံသာယာအေးကျေးရွာ၌ နွေစပါးစံပြ ကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီက ကွင်းအမှတ် (၂၂.ခ)၊ ဦးပိုင် အမှတ်(၆၇)ရှိ တောင်သူ ဦးဖေမြအောင်၏လယ်မြေတွင် GW -11 မျိုး နွေစပါး စံကွက်ရိတ်သိမ်းခဲ့ရာအစိုချိန်ထွက်နှုန်း (၈၉.၉၇) တင်းနှုန်း ထွက်ရှိခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ နွေစပါးစံကွက်ရိတ်သိမ်းပွဲသို့ ခရိုင်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်စက်မှုလယ်ယာဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့်အဖွဲ့ဝင်များ၊ မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တောင်သူလယ်သမားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)