ဒေးဒရဲမြို့နယ် သန့်ရှင်းသာယာရေးအတွက် ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ဒေးဒရဲ ဧပြီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများစုပေါင်း၍ မြို့ပေါ်ရပ်ကွက်များရှိ အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် အပတ်စဥ် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၇) နာရီက မြို့ဝင်လမ်းမတစ်လျောက်ရှိ အမှိုက်၊ ခြုံနွယ်နှင့်မြက်ပင်များ ရှင်းလင်းခြင်း၊ အမှိုက်စွန့်ပစ်ရန် နေရာများ ဆောင်ရွက်ပေးခြင်း ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ ဖော်ထုတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များစုပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေဇာလင်း (ပြန်/ဆက်)