ရွှေတောင် ဧပြီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန် မှာကြားချက်နှင့်အညီ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်/ ကြပ်ကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများပါဝင်သည့် အဖွဲ့မှ ယမန်နေ့ နေ့လယ်ပိုင်း က ရွှေတောင်မြို့နယ်အတွင်း ပေါ်ထွန်းလျက်ရှိသော မြေနုကျွန်းများ၌ သီးနှံစိုက်ပျိုးနိုင်သည့် မြေဧရိယာများ ဖော်ထုတ်ရေးဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား မြေပြင်ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် နွားမယံကျေးရွာအုပ်စု၊ နတ်မှော်ကျေးရွာ၊ ကွင်းအမှတ်(၄၀၇) အတွင်းရှိ မြေနုကျွန်းဧရိယာများ၊ ရွှေဟင်္သာကျေးရွာအုပ်စု၊ ကွင်းအမှတ် (၅၁၇၊၅၁၈၊၅၁၉) အတွင်းရှိ မြေနုကျွန်းဧရိယာများသို့ မြေပြင်ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့သည်။
အဆိုပါမြေနုကျွန်းများ၌ သီးနှံစိုက်ပျိုးနိုင်သည့် မြေဧရိယာများဖော်ထုတ်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးရာသို့ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်/ကြပ်ကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများ၊ သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး အဖွဲ့ဝင်များ လိုက်ပါကွင်းဆင်း၍ သီးနှံစိုက်ပျိုးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်မှ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်နှင့်အညီ သီးနှံစိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)