ဒိုက်ဦး ဧပြီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် စာရေးဆရာ သုတေသီဘုန်းမြင့်သွေးရေးသားသော "စကားပြောတတ်မှလောကနှင့်အဆင်ပြေ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နေ့လယ်(၂) နာရီအချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဆွေသက်အောင်က စာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး Youth Club အဖွဲ့ဝင် ကိုစိုးထိုက်ကစကားနဲ့ မှတ်ဉာဏ်၊ Youth Club အဖွဲ့ဝင် မောင်တင်ဝင်းထွန်းက တန်ဖိုးရှိအောင်ပြော၊ Book Club အဖွဲ့ဝင် ဒေါ်အေးအေးစိုးက စကားပြောတတ်မှလောကနှင့် အဆင်ပြေတို့ကို ဖတ်ကြားစေပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)