ကြံခင်း ဧပြီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပထမဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်မှ အမှာစကားပြောကြားရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဒေသန္တရစီမံကိန်းများမှ ကဏ္ဍအလိုက်ရည်မှန်းချက်များနှင့် စီမံကိန်းလုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရန် စီမံကိန်းတာဝန်ပေးအပ်ခြင်းဖြစ်ပါကြောင်းနှင့် မြို့နယ်စီမံကိန်းဦးစီးမှုး ဒေါ်ချိုမာဝင်းက ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။
ထိုနောက် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအား ကဏ္ဍအလိုက် စီမံကိန်းများနှင့် ဒေသအလိုက်ဖွံ့ဖြိုးရေး စီမံကိန်းတာဝန်များကို တာဝန်ရှိသူများက လွှဲပြောင်းပေးအပ် ကြပါသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီအဖွဲ့များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တတ်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)