သာပေါင်း ဧပြီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်အသင်းတို့က အသန်စွမ်းသူများအား ယနေ့ ဧပြီလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ ပေးအပ်ကြသည်။
ထိုသို့ မသန်စွမ်းသူများအား အိမ်တိုင်ရာရောက်ထောက်ပံ့ကြရာတွင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုလှိုင်၊ အတွင်းရေးမှူး ဒေါ်ငြိမ်းငြိမ်းစိုးနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်အသင်းဝင်တို့က အမှတ်(၃)ရပ်ကွက်၊ ရန်အောင်မြင်လမ်း နေထိုင်သူ ဦးအောင်ကိုကို(ကိုယ်အင်္ဂါ မသန်စွမ်း)နှင့် ကွင်းသာယာလမ်းနေထိုင်သူ မောင်သူရဌေး(ဆွံ့အ နားမကြား) မသန်းစွမ်းသူလေးများကို တစ်ဦးလျင်(၂၅၀၀၀)ကျပ်စီဖြင့် သွားရောက်၍ အိမ်တိုင်ရာရောက် လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)