ညောင်လေးပင် ဧပြီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ ဓမ္မရိပ်သာများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံပေးရာ၌ ညောင်လေးပင်မြို့နယ်၊တော်ဝိကျေးရွာရှိ မြို့ရိုးတောရဓမ္မရိပ်သာ၊ ဝေဇယန္တာ ဓမ္မရိပ်သာ၊ ဓမ္မမေဒိနီ ဓမ္မရိပ်သာ တို့တွင် တရားအားထုတ်နေကြသော သံဃာတော်များ၊ သီလရှင်များနှင့် ယောဂီများအား ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်သည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောကလျာနှင့် ကျန်းမာရေးဝန်ထမ်းများမှ ဆောင်ရွက်လျက်ရှိပြီး သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်ဆက်