ကန်ကြီးထောင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ စစ်ကြောင်း ၅ ကြောင်းဖြင့် ကွင်းဆင်းတွေ့ဆုံ

ကန်ကြီးထောင့် ဧပြီ ၂၀

ကန်ကြီးထောင့်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံဖြိုးရေးအတွက် မြို့နယ် အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို လဟာကလူကျေးရွာအုပ်စု  လဟာကလူကျေးရွာဓမ္မာရုံတွင် ဧပြီလ  ၂၀ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် ကန်ကြီးထောင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင် (၁) ဗိုလ်မှူး နိုင်လင်းအောင်နှင့် အဖွဲ့ဝင် ရဲမှူး စိုးကြည်   ဦးဆောင်သည့် ဌာနဆိုင်ရာများက ဒေသခံပြည်သူများအား လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေးဆိုင်ရာကိစ္စရပ်များ၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် မီးချိတ်မီးကပ်များ တပ်ဆင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံနိုင်ရေး၊ ရောဂါဖြစ်ပွားမှု လျော့နည်းစေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရေး၊ ရပ်ရွာပြည်သူ့ လုံခြုံရေး အဖွဲ့နှင့်ပူးပေါင်း၍ လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ဆိုင်ကယ်စီးနင်းပါက ဦးထုပ်ဆောင်းစေရေး၊ မိမိတို့နေအိမ် အလိုက် သန့်ရှင်းရေးများ ဆောင်ရွက်ရေး၊  Clean City, Green City, Smart City ဖြစ်အောင် ပူးပေါင်းဆောင်ရွက်ကြစေရေး ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာနေပြည်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 မဇင် (ပြန်/ဆက်)