ပန်းတနော် ဧပြီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်အတွင်း လိုင်စင်ထုတ်ပေးထားသော သားသတ်အရောင်းဆိုင်များနှင့် ကူးတို့များအား သတ်မှတ်ပေးထားသည့် စျေးနှုန်းများဖြင့် အများမြင်သာအောင် ချိတ်ဆွဲထားခြင်း ရှိ/ မရှိ လိုက်လံစစ်ဆေး ခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ လိုက်လံစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက စားသုံးသူများ အနေဖြင့် သင့်တင့်မျှတသော စျေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် လိုင်စင်ထုတ်ပေး ထားသော ပန်းတနော်မြို့နယ်ရှိ သားသတ်အရောင်းဆိုင်များနှင့် ကူးတို့များတွင် သတ်မှတ်ပေး ထားသည့် စျေးနှုန်းများအား အများမြင်သာအောင်ချိတ်ဆွဲထားခြင်း ရှိ/ မရှိကို လိုက်လံစစ်ဆေးခဲ့ ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)