လိပ်သို ဧပြီ ၂၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ဒေသနေပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ယနေ့ နေ့လည်ပိုင်းက “ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ” အသိပညာပေး နံရံကပ်စာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ရုံးရှေ့ နံရံကပ်ပြဘုတ်၌ ပြသထားကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် မီးဘေးအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ မီးလောင်နေစဉ်တွင် လိုက်နာရန်အချက်များ၊ မီးငြိမ်းပြီးပါက ပြုလုပ်ရန်အချက်များ၊ မီးလောင်နေစဉ်တွင် ရှောင်ရှားသင့်သည့် အချက်များ၊ မီးလောင်မှု ဖြစ်ပွားသည့်ပုံစံနှင့် မီးငြိမ်းသတ်ရန် နည်းလမ်းများ စသည့် အသိပညာပေး အကြောင်းအရာများကို ပြသထားရာ ဒေသနေပြည်သူများက စိတ်ပါဝင်စားစွာ ဖတ်ရှုမှတ်သားခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ လိပ်သိုမြို့ရုံးအနေဖြင့် ဟောပြောပွဲများ၊ ပြပွဲ/ပြိုင်ပွဲများ၊ Talk Show ဆွေးနွေးပွဲများအပြင် ဒေသနေပြည်သူများ လေ့လာမှတ်သားရန် အသိပညာပေး နံရံကပ်စာစောင်များကို လစဉ်ပုံမှန် ပြသပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)