မြင်းမူ ဧပြီ ၂၀
အများပြည်သူများ အသိပညာများ ပိုမိုရရှိကာ လေ့လာနိုင်ရန်အတွက် (Online)မှတစ်ဆင့် အသိပညာပေး လုပ်ငန်းများအဖြစ် တင်ပြဆွေးနွေးဆောင်ရွက်ပေးလျက်ရှိရာ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် ဧပြီလ(၂၀)ရက်နေ့က “လူငယ်နှင့် နည်းပညာ” ခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show) ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်မိုးက ဌာန၏ ရည်မှန်းချက်တစ်ခုဖြစ်သည့် ပြည်သူ များ အသိပညာမြင့်မားရေးအတွက် ဘက်ပေါင်းစုံမှ စီစဉ်ဆောင်ရွက်ပေးနေသကဲ့သို့ ယနေ့တွင် လည်း လူငယ်များအတွက် ရည်ရွယ်ကာ နည်းပညာကို အသုံးပြု၍ အများပြည်သူများအတွက် အကျိုးပြုအသုံးချနိုင်သည့် အကြောင်းအရာများကို မျှဝေပေးခြင်းဖြစ်ကြောင်း၊ ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည်နှင့်အညီ လူငယ်လူရွယ်များအနေဖြင့် နည်းပညာကို တတ်ကျွမ်းအောင် လေ့လာရန်ဖြစ်ပြီး ရရှိလာသည့် နည်းပညာများကိုလည်း မှန်ကန်သောနေရာများတွင် အသုံးပြု စေရန်လိုအပ်ပုံနှင့် နည်းပညာကို မမှန်မကန် အသုံးပြုခြင်းကိုလည်း သိရှိထားရန်လို အပ်မှုများကို ဥပမာ ဥပမေယျများဖြင့် ပညာပေးဆွေးနွေးပြောကြားခဲ့သည်။
မြို့နယ်ပြန်/ဆက်ဦးစီးဌာနအနေဖြင့် အသိပညာပေး လုပ်ငန်းများဖြစ်သော လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ မြေစိုက် ပြဘုတ်တွင် ကျန်းမာရေး၊ ပညာရေး စသည့်အသိပညာ ပိုစတာများ ပြသဆောင်ရွက်ပေးခြင်းအပြင် ဌာနအသီးသီးမှ ကျွမ်းကျင်သူ များနှင့် တွေ့ဆုံကာ (Online) မှ တစ်ဆင့် (TALK SHOW) အစီအစဉ်များ တင်ဆက်ပေးလျက်ရှိသည်။
အောင်စိုးဖေ (မြင်းမူ)