မြို့သစ် ဧပြီ ၂၀
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာပေ ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ ကောင်းမြတ်၏ “ပွင့်သောပန်းတိုင်း မွှေးစေလို” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်စာအုပ်စာပေချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင်များ ဖြစ်သည့် ဦးမြင့်ကြည်၊ ဦးတင်မောင်ဝင်း၊ ဦးမြင့်ရွှေတို့က “ပွင့်သောပန်းတိုင်း မွှေးစေလို” စာအုပ်တွင် ပါရှိသည့် ရန်လိုတတ်တဲ့ကလေး၊ အများအာရုံစိုက်မှု ခံလိုတဲ့ကလေး၊ စည်းကမ်းမလိုက်နာတတ်တဲ့ကလေး၊ လိမ်ပြောတတ်တဲ့ကလေး၊ လေ့လာသင်ယူမှု အားနည်းတဲ့ကလေး၊ ရှက်တတ်ကြောက်တတ်တဲ့ကလေး အစရှိသည့် ကလေးသူငယ်များ၏ အမူအကျင့်များနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)