ရွှေဘို ဧပြီ ၂၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရွှေဘိုခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဇီဝမျိုးစုံ မျိုးကွဲများအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲ Talk Show တွင် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဉီးစီးမှူး ဒေါ်ခိုင်ဇင်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရာတွင် အရေးပါသည့် ဇီဝမျိုးစုံမျိုးကွဲအကြောင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်း ကာကွယ်နိုင်ရန်အတွက် Talk Show ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ရွှေဘိုခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဉီးစီးဌာနမှ ဒုတိယဉီးစီးမှူးက ဇီဝမျိုးစုံမျိုးကွဲများ၏ အဓိပ္ပါယ်များ၊မြန်မာနိုင်ငံရှိ ဂေဟစနစ်(၈)မျိုး၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းလာခြင်းအကြောင်းအရင်းများမှာ လူဉီးရေ တိုးတက်လာသဖြင့် သစ်တောမြေများကို မြို့ပြ အဖြစ်လည်ကောင်း၊ သစ်တောအတွင်း နေထိုင်ကျက်စားလျက်ရှိသော ဇီဝမျိုးစုံမျိုးကွဲများ တဖြည်းဖြည်းလျော့နည်းလာကြောင်း၊ မျိုးစိတ်များ မျိုးသုန်း ပျောက်ကွယ်နေမှုမှာ အပင်နှင့် သတ္တဝါမျိုးစိတ်ပေါင်း (၃၁၀၀၀) ကျော်သည် မျိုးသုန်းပျောက်ကွယ်လုနီးပါး ဖြစ်နေပါကြောင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်း ကာကွယ်ခြင်းအကြောင်းအရာများ အကျယ်တဝင့် ရှင်းလင်းပြောကြားကြောင်း သိရသည်။
အဆိုပါ အသိပညာပေး Talk Show ကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ရွှေဘိုခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဉီးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူလူထုကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်နိုင်စေရန်အတွက် အသိ ပညာပေး ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)