သရက်ချောင်းမြို့တွင် ကမ္မစာဝါရွတ်ဖတ်ခြင်းနှင့် အန္တရာယ်ကင်း ပရိတ်တရားတော်များ မြို့တွင်း၌ လှည့်လည်ရွတ်ဖတ်ပူဇော်

သရက်ချောင်း   ဧပြီ  ၂၀

နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ရောက်ရှိလာပြီဖြစ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ရက်နေ့နှင့် ၂ရက်နေ့ တို့တွင်  ဆရာတော်သံဃာတော်များနှင့် ဥပဒကာများက မြို့တွင်းသို့ လှည့်လည်၍ ကမ္မစာဝါရွတ်ဖတ်ခြင်းနှင့် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။

ထို့သို့လှည့်လည်ရာတွင် မြို့ပေါ်ရပ်ကွက်နေပြည်သူများက ပန်း၊ ရေချမ်း၊ ဆီးမီးများဖြင့် ပူဇော်ခြင်း၊ ဆရာတော်များက ကမ္မစာဝါရွတ်ဖတ်ခြင်းနှင့် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်၍ မြို့တွင်းသို့ လှည့်လည်လာလျှင် ပြည်သူများက ဥပဒကာများထံ အလှူငွေများ လှူဒါန်းခဲ့ကြောင်း ဆရာတော်သံဃာတော်များ ရွတ်ဖတ်ပူဇော်ပြီးလျှင် ပြည်သူများက အန္တရာယ်ကင်းရှင်းစေရန် ရေမန်းနှင့် သဲမန်းကို နေအိမ်အပတ်ပတ်လည်တွင် ပတ်ဖြန်းခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)