ပလောက် ဧပြီ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပလောက်မြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားထပ်ဆင့် လွှင့်စက်ရုံသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စာကြည့်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်များအား စာအုပ်စာပေ များကို အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရန်ရည်ရွယ်၍ စာဖတ်ပရိတ်သတ်များထံအရောက် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ပြီး အပတ်စဉ် စာအုပ်စာစောင်အသစ်များ သွားရောက်လဲလှယ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ဆောင်ရွက်ရာတွင် စာဖတ်ပရိတ်သတ်များ ကြိုက်နှစ်သက်သည့် သုတ/ ရသ စာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ဝတ္ထုစာအုပ်များနှင့် ရုပ်ပြစာအုပ်များအား စာဖတ်ပရိတ်သတ်များထံ လက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
နှင်းမြူလွင်