ပဲခူး ဧပြီ ၂၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျင်းပပြုလုပ်သည့် မြန်မာနှစ်သစ်ကူးတရားအလှူတော် တတိယည(နောက်ဆုံးည) ဓမ္မသဘင်ကို ယမန်နေ့ည(၇)နာရီအချိန်က တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးရှေ့ရှိ ဓမ္မသဘင်မဏ္ဍပ်တွင် ကျင်းပခဲ့ရာ အစိုးရအဖွဲ့ဝန်ကြီးများ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အသီးသီးရှိ ဓမ္မမိတ်ဆွေ သူတော်စင်များ နာယူကြည်ညိုကြသည်။
တတိယည (နောက်ဆုံးည) ဓမ္မသဘင်တွင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ သာသန ဓဇဓမ္မာစရိယ၊ မဟာဂန္ထဝါစကပဏ္ဍိက ပဲခူးမြို့ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ် စာသင်တိုက် စာချဆရာတော် ဘဒ္ဒန္တသုန္ဒရ အရှင်သူမြတ်က “ဉာဏ်ဝီရိယရှိပါမှ ကံကကူညီမည်” တရားခေါင်းစဉ်ဖြင့် တရားနာပရိတ်သတ်အပေါင်းတို့အား နိဗ္ဗာန်ရောက်ကြောင်း တရားတော်ကို ဟောကြားတော်မူခဲ့ပြီး စီးပွားရေးရာဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးတို့က ဘဒ္ဒန္တသုန္ဒရ ဆရာတော် အရှင်သူမြတ်ထံ လှူဘွယ်ပစ္စည်းများနှင့် ဓမ္မပူဇာ အလှူတော်ငွေများကို ဆက်ကပ် လှူဒါန်း ခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျင်းပပြုလုပ်သည့် မြန်မာနှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ကြီးအား ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့၊ ဧပြီလ(၁၇)ရက်နေ့မှ မြန်မာနှစ်ဆန်း(၃)ရက်နေ့၊ ဧပြီလ(၁၉)ရက်နေ့အထိ ညစဉ်(၇)နာရီအချိန် စတင်၍ (၃) ည တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)