ကလေးခရိုင်လူထုအခြေပြုဗဟိုဌာန၌ ပျား‌မွေးမြူရေးအကြောင်းသိကောင်းစရာများခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ကလေး၊ ဧပြီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဧပြီလ(၁)ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ်အတွဲ(၂၀)၊ အမှတ်(၇)မှ ပျားမွေးမြူရေးအကြောင်းသိကောင်းစရာများ ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲ ၁ နာရီအချိန်က ဝန်ထမ်းများစာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။ 

အဆိုပါဆွေးနွေးပွဲတွင် ဒေါ်ဘေဘီအေးက ဧပြီလ(၁)ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ်အတွဲ(၂၀)၊ အမှတ်(၇)မှ ကိုကျော်စွာ(ကျိုက်ပိ) ရေးသားသည့်  ပျားမွေးမြူရေးအကြောင်းသိကောင်း စရာများတွင် ပါဝင်သည့် ပျားရည်အသုံးဝင်ပုံများ၊ ပျားအမျိုးအစားများ၊ ပျားအုံ(ခေါ်)ပျား အိမ်ပြုလုပ်နည်းများ၊ ပျားရည်ထုတ်လုပ်နည်းများနှင့် သတိပြုရမည့်အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ကလေးခရိုင်လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေး စာဖတ်ဝိုင်းများအပြင် ဌာဆိုင်ရာမှတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲများကို အပတ်စဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)