ဖျာပုံ ဧပြီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ဧပြီလ ၁၉ ရက်နေ့ နံနက် (၁၀)နာရီအချိန်က ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ် ခဲ့ကြောင်း သိရသည်။
အဆိုပါခရိုင်နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီမှလုပ်ငန်း ညှိနှိုင်းဆွေးနွေး ရာတွင်ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်လင်းက ခရိုင်အတွင်းနိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းဆောင်ရွက်မည့် စီမံကိန်း လုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး၊ တက်ရောက်လာသည့်ခရိုင်/မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီဝင်များက စီမံကိန်းလုပ်ငန်းကဏ္ဍတစ်ခုချင်းအလိုက် ဆောင်ရွက်မည့်ကိစ္စများအား ရှင်းလင်းတင်ပြကြသည်။
ထို့နောက်ဖျာပုံခရိုင် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်လင်းမှ လိုအပ်သည်များ ဆွေးနွေးညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်၊၊
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)