ဒေးဒရဲ ဧပြီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက ပြည်သူများလျှပ်စစ်ဓာတ်အားများ စဥ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေးနှင့် လျှပ်စစ်ဓာတ်အားများ လျော့နည်းပျောက်ဆုံးမှုမရှိစေရေးအတွက် ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက စတင်၍ မြို့တွင်း လမ်းမများနှင့် ရပ်ကွက်လမ်းများတစ်လျှောက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းဌာန အနေဖြင့် ပြည်သူများ မိုးရာသီကာလ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာဖြန့်ဖြူးပေးနိုင်ရေး ဖျာပုံ-ဒေးဒရဲ (၃၃-ကေဗွီ) ဓာတ်အားလိုင်း၊ မြို့တွင်းရှိ ဓာတ်အားလိုင်းများနှင့် ထိစပ်လျက်ရှိသည့် သစ်ပင်သစ်ကိုင်းများအား အပတ်စဥ်ရှင်းလင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း