အိမ်မဲမြို့နယ်တွင် (VDP)ကျေးရွာဖွံဖြိုးတိုးတက်ရေးစီမံကိန်း (၁၀)ရွာနှင့်မြစိမ်းရောင်ကျေးရွာ (၁)ရွာရွေးချယ်

အိမ်မဲ ဧပြီ   ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်အတွင်းရှိကျေးရွာများတွင် ဒေသဖွံဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)ရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမ၌  (VDP)ကျေးရွာဖွံဖြိုး တိုးတက်ရေးစီမံကိန်း (၁၀)ရွာနှင့် မြစိမ်းရောင် ကျေးရွာ (၁)ရွာရွေးချယ်ခြင်း အခမ်းအနားကို ကျင်းပသည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦး ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစတင်မျိုးလွင်က ကျေးရွာများရွေး ချယ်ခြင်းနှင့် ပတ်သက်ပြီး အကျယ်တဝင့်ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ကော်မတီ အဖွဲ့ဝင်များက(VDP) ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် ကျေးရွာ (၁၀)ရွာ ရွေးချယ်ကြပြီး ရွေးချယ်ခံရသော ကျေးရွာ (၁၀)ရွာမှာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ  (၁)ရွာလျှင် ထုတ်ပေးငွေ သိန်း (၁၅၀)ကျပ်နှင့် ကျေးရွာမှ ထည့်ဝင်ငွေ သိန်း (၃၀)ကျပ် စုစုပေါင်း သိန်း (၁၈၀)ကျပ်ဖြင့် ကျေးရွာ ဖွံဖြိုးတိုးတက်ရေး လုပ်ငန်း များဖြစ်သော (လမ်း၊ တံတား၊ မီးလင်းရေး)အစရှိသည်တို့ကို ဆောင်ရွက် ရမည်ဖြစ်ပြီး၊ မြစိမ်းရောင်ကျေးရွာရွေးချယ်ခံရသောကျေးရွာမှာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦး ဦးစီးဌာနမှ အရင်းမပျောက်လည်ပတ်ရန်ပုံငွေ သိန်း (၃၀၀)ကျပ်ကို ထုတ်ချေးသွားမည်ဖြစ်သည်။

ချစ်သက်လယ်(အိမ်မဲ)