ကမမောင်း ဧပြီ ၁၉
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀) နာရီက ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှစာကြည့်တိုက်လက်ထောက်-၃(အင်အားပြ) ဒေါ်တင်တင်လှက အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ရုပ်သံကျွမ်းကျင်-၃(အင်အားပြ) ဦးသန့်ဇင်ဝင်းက ကလေးအလုပ်သမား၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကလေး အလုပ်သမားရေးရာအဖွဲ့၏ ရည်မှန်းချက်(၃)ရပ်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်နှင့် ကျောင်းပညာရေး၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေး သူငယ်များနှင့်ပတ်သက်၍ ပါဝင်ဆောင်ရွက်မှုဆိုင်ရာ အခွင့်အရေး အကြောင်းအရာတို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန့်ဇင်(ပြန်/ဆက်)