သံတောင်ကြီးမြို့တွင် ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်လူငယ်များမှ နွေရာသီ Camp ရက်တိုသင်တန်းဆင်းပွဲ ပြုလုပ်

သံတောင်ကြီး ဧပြီ ၁

ကရင်ပြည်နယ်၊  ဘားအံခရိုင်၊  သံတောင်ကြီးမြို့တွင် ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်လူငယ်များမှ ဦးဆောင်၍  လူငယ်များအနေဖြင့် နွေရာသီ အားလပ်ရက်များတွင်  အသိပညာ၊ အတတ်ပညာများဖွံ့ဖြိုး တိုးတက်စေရန် ၊ အားလပ်ချိန်ကို  အကျိုးရှိစွာ တန်ဖိုးထားတတ်စေရန်၊  အသိပညာ ဗဟုသုတ တိုးပွားစေရန်အတွက် နွေရာသီ Camp ရက်တိုသင်တန်းဆင်းပွဲကို  ယမန်နေ့ညနေ(၄) နာရီအချိန်က ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်းတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သင်တန်းဆင်းပွဲတွင် ဆရာတော်မူးယွာထူးကဆုတောင်းပေးခြင်း၊ အကပဒေသာများက ပြဖျော်ဖြေခြင်းနှင့် ပြဇာတ်တိုများ တင်ဆက်ခြင်းများ ပြလုပ်ဆောင်ရွက်ပြီး သင်တန်းတက်ရောက်သည့် လူငယ်များက အဖွဲ့လိုက် Group Sound သီချင်းဖြင့် ပြိုင်ပွဲများ ပြုလုပ်ပြီး ဆုရရှိသူများအား ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်လူငယ်ဉက္ကဋ္ဌ စောဂေဒိုစိုးနှင့် တာဝန်ရှိသူများက  ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။                                                                                       

နော်နော်မူ(ပြန်/ဆက်)