ဝေါ အောက်တိုဘာ ၃
ပဲခူးတိုင်ဒေသကြီး၊ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင်ယမန်နေ့ နံနက်ပိုင်းက ဝေါမြို့နယ် ပြည်သူ့ဆေးရုံ၌ ဝေါမြို့ပြည်သူ့ဆေးရုံ၌ ထားရှိသော ကိုဗစ်-၁၉ Positive လူနာများအား ဆေးကုသဆောင်ရွက်ပေးနိုင်ရန် ဆေးကုသဆောင်များ တိုးချဲ့ဆောင်ရွက်မှုအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးကြည်နှင့်ဝေါ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ လိုအပ်ချက်များ ကူညီဆောင်ရွက်နိုင်ရန် ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
ယခုအခါ ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ဝေါမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် လိုအပ်သော ဆေးဝါးနှင့်ကျန်းမာရေးသုံးပစ္စည်းများ လုံလောက်စေရေးနှင့် ထိတွေ့လူနာများ သယ်ယူပို့ဆောင်ရာတွင် အန္တရာယ်မဖြစ်စေရေး၊ စောင့်ကြည့်လူနာများ ရောဂါမပြန့်ပွားစေရန် လိုအပ်သောကာကွယ်ရေးသုံး ပစ္စည်းများ ဆေးရုံတွင်ပြည့်စုံရေးတို့အား တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးမျိုးကြည် မှဝေါမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)