စုကလိ ဧပြီ ၁၉
ကရင်ပြည်နယ် မြဝတီခရိုင်၊ စုကလိမြို့တွင် ဒေသတွင်း ကျွဲကောသီးများ ပေါများစွာ ထွက်ရှိသောကြောင့် ယခုနှစ်တွင် မြို့နေပြည်သူများ စျေးကောင်းရရှိသောကြောင့် ဝင်ငွေ အဆင်ပြေလျက်ရှိသည်။
ပင်လယ်ရေ မျက်နှာပြင် ပေတစ်ထောင်ကျော် အထက်တွင် တည်ရှိသော စုကလိမြို့မှ ထွက်ရှိသော ကျွဲကောသီးများသည် အလုံးအရွယ် အစားကြီးမားခြင်း၊ အရသာကောင်းမွန်ခြင်း တို့ကြောင့် ယခုနှစ်တွင် မြဝတီမြို့သို့ တင်ပို့ရောင်းချလာရာ တစ်လုံးလျှင် ငွေကျပ် ၁၈၀၀ ခန့် ရရှိပြီး အနီးအနားရှိ စခန်းသစ်ကျေးရွာမှ တစ်ဆင့် ထိုင်းနိုင်ငံသို့ ရောင်းချရာ တစ်လုံးလျှင် ထိုင်းဘတ်ငွေ ၂၀ ဘတ်ခန့် ရရှိသည်။
စုကလိမြို့မှ ထွက်ရှိသော ကွမ်းသီး၊ တောင်ယာငရုပ်သီး၊ ဝဥများမှာ အမျိုးအစား ကောင်းမွန်သောကြောင့် ယခုနှစ်များအတွင်း စျေးကွက်သို့ တင်ပို့ရောင်းချရာတွင် ဝယ်သူများ အကြိုက်တွေ့လာကြပြီး ရောင်းပန်းသာလျက်ရှိကြောင်းနှင့် ယခုနှစ်ကျွဲကောသီးစျေးမှာလည်း ပုံမှန်ထက်ပိုမိုရရှိသဖြင့် မြို့နေပြည်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပိုပိုအောင်