ပုလောမြို့နယ်၊ ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်၌ GW 11 မျိုး၊ နွေစပါးစံပြကွက်ရိတ်သိမ်း

ပလောက်    ဧပြီ   ၁၉

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ ပုလောမြို့နယ် ၊ ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်၌ နွေစပါးစံပြ ကွက်ရိတ်သိမ်းခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁)ရပ်ကွက်  ကွင်းအမှတ် (၁၈.ခ)၊  ဦးပိုင် အမှတ်(၅၆)ရှိတောင်သူဦးဖေသင်း၏လယ်တွင် GW 11 မျိုး နွေစပါး စံကွက်ရိတ်သိမ်းခဲ့ရာအစိုချိန်ထွက်နှုန်း (၈၅.၉၄) တင်းနှုန်း ထွက်ရှိခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းထံမှ သိရ သည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့ဦးစီးမှူး ဦးသက်လွင်နှင့် ဝန်ထမ်းများ၊ မြို့စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးသော်ဇင်ထွန်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လယ်သမားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နှင်းမြူလွင်  (ပလောက်)