ပိုင်ကျုံမြို့ အမှတ်(၄)ရပ်ကွက်‌၌ ကိုယ်ထူကိုယ်ထဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီး

ပိုင်ကျုံ  ဧပြီ ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အမှတ်(၄)ရပ်ကွက်ရှိ တနင်းဖလုံလမ်းအား   အများပြည်သူများ သွားလာမှု လွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်‌စေရေးနှင့် မြို့သာယာလှပ‌ရေးအတွက် ကိုယ်ထူကိုယ်ထဖြင့် ကွန်ကရစ်လမ်းခင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လမ်းအား တောင်ပို့ကျောင်းဆရာတော် ဦးဆောင်၍ ရပ်ဝေးရပ်နီးမှ စေတနာရှင် အလှူ့ဒါကာ၊ ဒါယိကာမများတို့မှ စုပေါင်းလှူဒါန်းငွေ (၃၆၈၈၀၈၀၀)ကျပ်ဖြင့် (အရှည် ၁၉၀၀ပေxအကျယ် ၁၈ပေxထု ၆လက်မ)ရှိ ကွန်ကရစ်လမ်းအား အမှတ်(၄)ရပ်ကွက်ရှိ အများပြည်သူများတို့၏ စုပေါင်းလုပ်အားဖြင့် မတ်လ ၂၂ ရက်နေ့ တွင်  စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ဧပြီလ ၁၈ ရက်နေ့တွင် ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။  

ယခုအခါ လမ်းခင်းခြင်းလုပ်ငန်းများ ပြီးစီးပြီးဖြစ်၍  အများပြည်သူများအနေဖြင့် သွား‌ရေးလာ‌ရေးအတွက် အဆင်‌ပြေ လွယ်ကူ‌‌စေပြီး ကျန်းမာ‌ရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေလာပြီ ဖြစ်ကြောင်း သိရသည်။

နော်ခူး (ပြန်/ဆက်)