ငွေဆောင်မြို့၌ အသက် ၈၀နှင့် ၈၅ နှစ်အောက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက်လိုက်လံပေးအပ်

ငွေဆောင်   အောက်တိုဘာ   

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ အမှတ်()ရပ်ကွက်၌ နိုင်ငံတော်မှ ကိုဗစ် -၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ အသက် ၈၀ နှင့် ၈၅ နှစ်အောက် အသက်ကြီးဘိုးဘွားများအတွက် ပေးအပ်သော ထောက်ပံ့ငွေများကို မန်နေ့  မွန်းတည့် (၁၂)နာရီအချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများ က အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးရာတွင် အမှတ် ()ရပ်ကွက်အတွင်းရှိ သက်ကြီးဘိုးဘွား (၃၆)ဦးထံသို့ တစ်ဦးလျှင် ၃၀၀၀၀/-(ကျပ်သုံးသောင်း) နှင့်စုစုပေါင်းငွေကျပ် ၁၀ သိန်း ၈ သောင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်နှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

မူမူသွင်(ပြန်/ဆက်)