ကြို့ပင်ကောက် ဧပြီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ကျွန်းနက်ကုန်းကျေးရွာအုပ်စု ညောင်လှ ကျေးရွာရှိ နေအိမ်တစ်လုံး မီးကြွင်းမီးကျန်မှတစ်ဆင့် ဧပြီလ ၁၅ ရက်နေ့က မီးလောင်ကျွမ်းပျက်စီးခဲ့၍ သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးက ထောက်ပံ့ငွေနှင့် ကယ်ဆယ် ရေးပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်သည်။
ညောင်လှကျေးရွာ မီးဘေးသင့် အိမ်ထောင်စုမှ လူဦးရေ ၅ ဦးအတွက် အိမ်ဆောက်ပစ္စည်းဘိုး ထောက်ပံ့ငွေ နှစ်သိန်းကျပ်နှင့်ဆန်ရိက္ခာဘိုး ငွေ ၁၀၅၀၀ ကျပ်နှင့်အတူ ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါ ပုံးတစ်လုံးတို့ကို မီးဘေးသင့်အိမ် ထောင်စုဝင်များထံသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဇေယျာထွန်း (ပြန်/ ဆက်)