ငရုတ်ကောင်းမြို့တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

ငရုတ်ကောင်း   အောက်တိုဘာ  

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်၍ ငရုတ်ကောင်းမြို့ အမှတ်()ရပ် ကွက်နှင့်အမှတ်()ရပ်ကွက်တို့ရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာပေးထား ပါသည်။

အဆိုပါ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကပ်ထားကြေညာခြင်းကို အောက်တိုဘာ() ရက်နေ့မှ(၁၄)ရက်နေ့ထိ နောက်ဆုံးအကြိမ်အဖြစ် ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေး ဆောင်ရွက်ထားရှိပြီး အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မဲစာရင်းများ လာရောက်ကြည့်ရှုနိုင်ရန် ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာပေးထားကြောင်းသိရသည်။

ပြုံးမောင်မောင်(ပြန်/ဆက်)