ကျောက်ကြီး ဧပြီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၁ နာရီအချိန်က မီးဘေးအန္တရာယ်အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်အိအိမွန်က မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုးလင်းထွန်းက မီးသတ်ဦးစီးဌာန၏ရည်ရွယ်ချက်နှင့် ဆောင်ရွက်မှုအခြေအနေ၊ မီးလောင်မှုဖြစ်ပွားပါက ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်မှုအခြေအနေများ၊ မီးလောင်မှုဖြစ်ပွားရခြင်း၏အကြောင်းအရင်းအခြေအနေများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်သင့်သည့်အမြင်များကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်