လောင်းလုံးမြို့နယ်အတွင်းရှိစျေးများအား ကိုဗစ်−၁၉ကာလ အတွင်းသတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

လောင်းလုံး အောက်တိုဘာ ၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိစျေးများအား ကိုဗစ်−၁၉ကာလအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီရောင်းချခြင်းရှိ/မရှိစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းကလ ောင်းလုံးမြို့မ စျေးနှင့်သော ကြာပြင်စျေးတို့တွင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် လောင်းလုံးမြို့နယ်အတွင်းရှိ လူစည်ကားနေရာဖြစ်သောစျေးများ၊ စားသောက်ဆိုင် များတွင်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း(Mask)နှင့် Face Shield တပ်ဆင်ပြီးမှသာ စျေးရောင်း/ စျေးဝယ်ကြစေရန်၊ စျေးရောင်း/စျေးဝယ်သူများအားတစ်ဦး နှင့်တစ်ဦးသတ်မှတ် အကွာအဝေးတွင်ရောင်းချ ဝယ်ယူကြရန်နှင့် ဈေရောင်း/ဈေးဝယ်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း ကျန်းမာရေးအသိပညာပေး​ခြင်း များကို လည်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာ၌ လောင်းလုံးမြို့နယ်၊ စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးကျော်ဌေးနှင့် ဝန်ထမ်းများ၊ကျန်းမာရေးဝန်ထမ်းများနှင့်ဌာနဆိုင်ရာ ဝန်ထမ်းများကပူးပေါင်း၍ စျေးရောင်း/စျေး ဝယ်သူများအား ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနကမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအပေါ် လိုက်နာမှုမရှိပါက ချက်ချင်းဝယ် ချက်ချင်းတပ်စနစ်ဖြင့်၍ နှာခေါင်းစည်း(Mask)များတပ်ဆင်မှု အပြစ်ပေးအရေးယူဆောင်ရွက်သွားကြောင်း သိရသည်။

သိန်းသိန်း(ပြန်/ဆက်)