ကလိန်အောင်မြို့၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ထပ်မံကြေငြာ

ကလိန်အောင် အောက်တိုဘာ  ၂

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံအထွေထွေဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ တွင် မဲပေးနိုင်သည့် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ(၁)ရက်နေ့ နံနက်ပိုင်းက စတင်ပြီး ကလိန်အောင်မြို့ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ တွင် ကြေငြာထား ကြောင်း သိရသည်။

မဲဆန္ဒရှင်များအနေဖြင့် မဲဆန္ဒရှင်စာရင်းကို လာရောက်ကြည့်ရှုပြီး မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းတို့ကို မဲစာရင်းကပ်ထားကြေညာသည့် ၁၄ ရက်အတွင်း ဆောင်ရွက်ရန် ဖြစ်ပြီး လိုအပ်သော ပုံစံများကိုလည်း ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် အခမဲ့(အခမဲ့)ရယူနိုင်ကြောင်း သိရသည်။

 မိုးမိုးခိုင်(ကလိန်အောင်၊ပြန်/ဆက်)