လဟယ် အောက်တိုဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်မှ မဲဆန္ဒရှင်အမည်စာရင်းများကို ယမန်နေ့ကစ၍ ရပ်ကွက်ရုံးများနှင့် လူစည်ကားရာနေရာများတွင်ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
လဟယ်မြို့တွင် ရပ်ကွက်(၄)ရပ်ကွက်ရှိသည့်အနက် မဲဆန္ဒနယ်အမှတ်(၁)၊ မြို့မရပ်ကွက်တွင် မဲဆန္ဒရှင်ဦးရေ(၆၄၁)ဦးနှင့် တိုးချဲ့-၂ရပ်ကွက်တွင် မဲဆန္ဒရှင်ဦးရေ(၆၆၅)ဦး၊ မဲဆန္ဒနယ်အမှတ်-၂တွင် ပါဝင်သော တိုးချဲ့-၁ရပ်ကွက်တွင် မဲဆန္ဒရှင်(၄၄၂)ဦး နှင့် တာလံရပ်ကွက်တွင် မဲဆန္ဒရှင်(၉၁၃)ဦးဖြစ်ကြောင်းသိရပါသည်။
လဟယ်မြို့နယ် တစ်မြို့နယ်လုံးအနေဖြင့် ဒုတိယအကြိမ်အသက်(၁၈)နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူ ကျား(၁၆၆၆၅)ဦးနှင့် မ (၁၆၅၀၁)ဦး စုစုပေါင်း(၃၃၁၆၆)ဦး ဖြစ်ကြောင်း သိရသည်။
ပါမင်းလှိုင်(ပြန်/ဆက်)