ရွှေသောင်ယံမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်စုပေါင်းသက်ကြီးပူဇော်ပွဲအခမ်းအနားကျင်းပ

ရွှေသောင်ယံ ဧပြီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယနေ့နံနက် (၉) နာရီက ရွှေသောင်ယံမြို့ရှိသက်ကြီးရွယ်အို (၃၁) ဦးအား လှူဖွယ်ဝတ္ထုများနှင့် စုပေါင်းသက်ကြီးပူဇော်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူးမှ လှူဒါန်းရခြင်းရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး ဖိတ်ကြားထားသောအဘိုး၊အဖွားများအား တစ်ဦးလျင်ငွေကျပ်(၂)သောင်း၊ အိုဗာတင်း(၁)ဗူး၊ တစ်ဘက်တစ်ထည်စီဖြင့် လှူဒါန်းကန်တော့ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ အလှူရှင်များဖြစ်သည့် မြို့အုပ်ချုပ်ရေးမှူးဦးသိန်းထိုက်နှင့် ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်လှူဒါန်းပေးကြရာအဘိုး၊ အဖွားများမှ ဩဝါဒစကားမြွတ်ကြားပြီး ဆုတောင်းမေတ္တာများ ပြန်လည်ပြောကြားပေးခဲ့ကြသည်။

ရွှေသောင်ယံ (ပြန်/ဆက်)