ကန့်ဘလူ အောက်တိုဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တေဇခန်းမ၌ ယနေ့နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် နှာခေါင်းစည်း (Mask) များ လှူဒါန်းပွဲ ကျင်းပကြောင်း သိရသည်။
အဆိုပါ လှူဒါန်းပွဲတွင် ကန့်ဘလူမြို့နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးခိုင်ထွန်းနှင့်တပ်ဖွဲ့ဝင် များက နှာခေါင်းစည်း(Mask) ၁၀၀၀၀ ကို လှူဒါန်းရာ ခရိုင်စီမံခန့်ခွဲမှုကော်မတီကိုယ်စား ခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီလာသန်းက လက်ခံရယူသည်။
ယင်းနောက် အဆိုပါ နှာခေါင်းစည်း(Mask) ၁၀၀၀၀ အား ကန့်ဘလူမြို့နယ်စီမံခန့်ခွဲမှုကော်မတီ နှင့် ကျွန်းလှ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ တို့ထံ Mask ၅၀၀၀ စီ ခွဲဝေလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)