ကျောက်ကြီးမြို့နယ်အတွင်း နှစ်ဆန်း(၁)ရက်နေ့ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ခြင်း ရိုးရာအစဥ်လာမပျက်ဆောင်ရွက်

ကျောက်ကြီး ဧပြီ ၁၈

မြန်မာတို့၏ နှစ်သစ်ကူးအချိန်အခါ နှစ်ဆန်း(၁) ရက်နေ့၌ ရိုးရာအနေနှင့်ပြုလုပ်လေ့ရှိသော အန္တရာယ်ကင်း ပရိတ်တရားတော်အားရွတ်ဖတ်ပူဇော်ခြင်းကို ရိုးရာအစဥ်အလာမပျက် ယမန်နေ့ ညနေပိုင်းတွင် ကျောက်ကြီးမြို့ပေါ်ရပ်ကွက်များ၊ ဌာနဆိုင်ရာရုံးများနှင့် ကျေးရွာများရှိ လမ်းဆုံများ၊ မြေနေရာကျယ်ပြန့်သောနေရာများတွင် နှစ်စဥ်အစဥ်အလာ မပျက်ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပရိတ်တရားတော်အားရွတ်ဖတ်ပူဇော်ခြင်းကို ဒေသခံပြည်သူများက မြို့နယ်အတွင်းရှိ ထေကြီးဝါကြီး ဆရာတော် သံဃာတော်များအား ပင့်ဖိတ်၍ ဘေးအန္တရာယ်ကင်းရှင်းစေရန် သံဃာတော်များမှ ရတနသုတ်၊ မေတ္တာသုတ်နှင့် ဗောဇ္ဈင်္ဂသုတ် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဒေသခံပြည်သူများက လှူဖွယ်ပစ္စည်း၊ ပရိတ်အိုး၊ ပရိတ်ချည်၊ ပရိတ်သဲ စသည့်ပစ္စည်းများဖြင့် ဘာသာရေးထုံးတမ်းအစဥ်အလာမပျက်စေရေး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)